Events
Toyama General Manufacturing Industry Trade Fair 2019
Updated At: 2019-02-08 09:42:48
ဂျပန်နိုင်ငံ၊ တိုရာမခရိုင်၊ တိုရာမမြို့တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ "Toyama General Manufacturing Industry Trade Fair 2019" ကျင်းပမည် ဖြစ်ပါသည်။ အဆိုပါ ကုန်စည်ပြပွဲကို (၂) နှစ်တကြိမ် ကျင်းပပြီး အသေးစား စက်မှုကုန်ထုတ်ပစ္စည်းများ၊ မော်တော်ကားစက်ပစ္စည်းများ၊ သတ္တုပစ္စည်းများ၊ ပလပ်စတစ်နှင့် အလူမီနီယံပစ္စည်းများ၊ ဆေးဝါးများ၊ လက်မှုပစ္စည်းများ၊ အစားအစာများနှင့် အဝတ်အထည်များ ပါဝင်ပြသခဲ့ကြပါသည်။ ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သည့် အဆိုပါကုန်စည်ပြပွဲ၌ နိုင်ငံတကာမှ ပြခန်း ၁၅၀ ခန်းနှင့် ဂျပန်နိုင်ငံမှ ပြခန်း ၂၉၀၊ စုစုပေါင်းပြခန်း ၄၄၀ ပြသခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် သံရုံးမှ ပြခန်းဖွင့်လှစ်ပြသခဲ့ပါသည်။ ကုန်စည်ပြပွဲသို့ တက်ရောက်သူ ၂၅၀၀၀ ခန့်ရှိပြီး စီးပွားရေးဆွေးနွေးမှုပေါင်း ၅၀၀၀ ကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ ပြပွဲတွင် စီးပွားရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများကိုလည်း ကျင်းပနိုင်ပါကြောင်းနှင့် "Toyama General Manufacturing Industry Trade Fair 2019" ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသမည်ဆိုပါက ၁၅.၅.၂၀၁၉ ရက်နေ့အရောက် မြန်မာသံရုံးသို့ ပေးပို့ရမည် ဖြစ်ပါသည်။
အထက်ပါပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ နေပြည်တော်ဖုန်း၊ ၀၆၇-၄၃၀၄၄၆/၄၃၀၄၄၇၊ ဖက်(စ်)၀၆၇-၄၃၀၁၂၈၊ email:[email protected] နှင့် မြန်မာကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်) ဖုန်း၊ ၀၁-၂၅၄၀၂၄၊ email:[email protected] တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Event Details
- Date
- Updating
- Location
- ဂျပန်နိုင်ငံ၊ တိုရာမခရိုင်၊ တိုရာမမြို့
- Website
- www.myantrade.org
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ